မြောင်းမြ   ၁၂  ဧပြီ  

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ကုသရေး ဆောင်ရွက်နေစဉ် ကာလအတွင်း မြို့ပေါ်ရှိ အခြေခံလူတန်းစားများဖြစ်သည့် အနှေးယာဉ်လုပ်သားများ စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် မြောင်းမြမြို့ (၃)လမ်းမိသားစုများက ဆန်၊ ဆီ စသည့် စားသောက်ဖွယ်ရာများကို ယမန်နေ့ ညနေက ပေးလှူခဲ့ကြောင်း သိရသည်။

 

"အနှေးယာဉ် နင်းပြီး မိသားစုဘဝတွေကို ရှာဖွေကျွေးနေရတာ ဒီလို ကိုဗစ်-၁၉ အခြေအနေမှာ ဆိုက္ကားနင်းဖို့ အခက်အခဲရှိနေမှာပါ၊ သူတို့မိသားစုတွေ အထိုက်အလျောက် အဆင်ပြေစေချင်တဲ့ဆန္ဒနဲ့ လှူဒါန်းတာပါရှင်" ဟု(၃)လမ်း မိသားစုအလှူရှင်များထဲမှ ဒေါ်ပပချိုက ပြောကြားသည်။

 

လှူဒါန်းမှုတွင် မြောင်းမြမြို့ပေါ်ရှိ အနှေးယာဉ် ဂိတ်များမှ အနှေးယာဉ်လုပ်သား (၂၅၀)ဦးတို့အား ဆန်၊ ဆီ၊ ပဲ၊ ကြာဆန်၊ ကြက်သွန်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်များ အပါအဝင်  စုစုပေါင်း ကျပ် (၁၂)သိန်းဖိုး ပေးလှူခဲ့ကြောင်းသိရသည်။

 

သင်းရနံ့