မြောင်းမြ    ၁၃  သြဂုတ်

အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အဆင့် အကောင်အထည်ဖော်မှု လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

3615

 

အစည်းအဝေးတွင် ခရိုင်အဆင့် မှုခင်းကြိုတင်ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွန်းက သြဂုတ်လ ပထမပတ်တွင် ခရိုင်အတွင်း မှုခင်းဖြစ်ပွားမှု အခြေအနေများကို လည်းကောင်း၊  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဝေက မှုခင်းဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

မြောင်းမြခရိုင်အတွင်း မှုခင်းကျဆင်းရေးအတွက် တိုင်းဒေသကြီး မှုခင်းကြိုတင်ကာကွယ်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းကော်မတီ၏ ညွှန်ကြားချက်များ၊ လိုက်နာအကောင်အထည်ဖော်ခြင်း၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကြီးကြပ်ခြင်း၊ လစဉ် ခရိုင်အဆင့် မှုခင်းကြိုတင် ကာကွယ်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းကော်မတီ အစည်းအဝေးပြုလုပ်၍ အားနည်းချက် အားသာချက်များကို ဖော်ထုတ်ဆွေးနွေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မင်း(မြောင်းမြ)