မြောင်းမြ ၂၀ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် ဒေသန္တရ ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း မြောင်းမြမြို့ပေါ်တွင် ညစဉ် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖြင့် လှည့်ကင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြောင်းမြခရိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူး ကြီးမောင်မောင်စိုး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊  မြို့နယ်မီးသတ်ဦးစီးမှူး၊ ဖြူစင်စေတနာလူမှူရေးအသင်းနှင့် ပူးပေါင်းအဖွဲ့များက နယ်မြေအတွင်း ခိုး/ဆိုး/လု/နှိုက်မှုများ မရှိစေရေးနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ်ပြည်သူများ သတ်မှတ်အချိန်အတွင်း အိမ်ပြင်မထွက်ရေးညစဉ်ပူးပေါင်း အဖွဲ့များဖြင့်လှည့်ကင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့ ကိုယ့်မြို့မှာ ည ၁၀ နာရီက မနက် ၄ နာရီအတွင်း ညမထွက်ရ ဒေသန္တရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း နယ်မြေအတွင်းမှာ မသမာသူတွေကြောင့် ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဘဲ အေးချမ်းစွာ အိပ်စက်အနားယူနိုင်ဖို့ လှည့်ကင်းဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်" ဟု မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မောင်မောင်စိုးက ပြောကြားသည်။

 

သင်းရနံ့