မော်လမြိုင်ကျွန်း၊ ၂၈ ဒီဇင်ဘာ
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖိုးခမှီဒေါင့်ကျေးရွာတွင် မောင်နှမသုံးဦး သေတ္တာထဲ ဝင်ရောက်ဆော့ကစားကြရာမှ အသက်ရှူကြပ် သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက မိဘနှစ်ဦးစလုံး လယ်ထဲသို့သွားနေစဉ် မောင်ဖြိုးခန့်ကျော် (၈)နှစ်၊ မောင်သက်တိုးအောင် (၆)နှစ်နှင့် မဝေဝေအောင် (၁ နှစ် ၈ လ) မောင်နှမသုံးဦးတို့သည် နေအိမ်အတွင်းရှိ သေတ္တာထဲ ဝင်ရောက်ဆော့ကစားခဲ့ရာမှ အသက်ရှူကြပ်၍ မောင်နှမသုံးဦးစလုံး သေဆုံးခဲ့သည်။ သေဆုံးသူ ကလေးငယ်များအား မြို့နယ်ခုတင်(၁၀၀) ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး ကျိုက်ပိကျေးရွာအုပ်စု ရဲစခန်းတွင် သေမှုသေခင်းအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သီတာအောင် (ပြန်/ဆက်)