မောင်တော၊ အောင်ြေမသာစံမြို့နယ်တို့တွင် မူးယစ်ဆေး၀ါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁ မတ်                
    

 

မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအုပ်စု၊ မောင်နီကျေးရွာရှိ လူမနေသည့် နူမာမတ်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်း၌ ဇာဖောအာလောင်နှင့် ဖိုက်ဆဲလ်တို့အား တွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၈၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ်၊ အမှတ်(၁) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ဒေါနဘွားကားကြီးဝင်းအတွင်း၌ သားငယ်နှင့် မထိပ်ထား (ခ) မအေးမွန်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၉၉၀၊ ဘိန်းဖြူ ၁၇၈၂ ဂရမ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၃၆၀၀၀၀ တို့ကိုလည်းကောင်း။

 

အလားတူ မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်၊ ၂၄ လမ်း၊ ၈၉ လမ်းနှင့် ၉၀ လမ်းကြားရှိ မင်းဟန်ကျော်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ နိုင်နိုင်ဦး၊ စုနိုင်ထူးတို့အား တွေ့ရှိရပြီး အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ် ၁၁ သိန်းတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ြပန်ချက်အရ သိရှိရသည်။

 

MDN