နေပြည်တော် ၂ မတ်                
    

 

မူးယစ်တပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု၊ အောက်(လက်သာ)ကျေးရွာနေ ဟာမက်ဆီရက်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၆၀  ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ လော်ရာ၏ နေအိမ်ကိုရှာဖွေရာ လော်ရာနှင့်အတူ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည့် Mr. Muhammatnase Toh-yoh၊ Mr. Aree Rakamit ၊ Mr. Ismaael Tohem တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြား၊ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၂၀၀၀၀၊ Bangkok ဘဏ်ကတ် ၁ ခု၊ လက်ကိုင်ဖုန်း ၅ လုံးနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ြပန်ချက်အရ သိရှိရသည်။

 

MDN