မောင်တော ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို ဇူလိုင်လအတွင်း မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ သွားရောက် ပေးအပ်လျက်ရှိသည်။
ထို့သို့ပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မောင်တောမြို့နယ်ရှိ အသက် ၈၅ နှစ်အထက် အဘိုး ၅၇ ဦး ၊ အဘွား ၉၅ ဦး စုစုပေါင်း ၁၅၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်ရှိ အသက် ၈၅ နှစ်အထက် အဘိုး ၆၁ ဦး ၊ အဘွား ၉၉ ဦး စုစုပေါင်း ၁၆၀ ရှိပြီး မောင်တောခရိုင်အတွင်း ဘိုးဘွားဦးရေ စုစုပေါင်း ၃၁၂ ဦးရှိရာ ဘိုးဘွားတစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့် သုံးလအတွက် ငွေကျပ် သုံးသောင်းကို အိမ်အရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာများရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက်ပေးအပ်သွားမည် ဖြစ်သည်။
သက်လွင်စိုး(ပြန်/ဆက်)


