မောင်တောမြို့ ကင်းချောင်းကျေးရွာအနီး၌ လယ်ကွင်းများ မီးလောင်မှုဖြစ်ပွား

မောင်တော ၁၅ မေ 


မေ ၁၄ ရက်  နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာအနီး သစ်တောကြိုးဝိုင်းအတွင်း ကိုင်းတောနှင့် လယ်ကွင်းများ  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

1


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒု-မီးသတ်ဦးစီးမှူး ဆန်းလှိုင် နှင့် ဒု-မီးသတ်ဦးစီးမှူး စံလွင်တို့ဦးစီးသည့် တပ်ဖွဲ့ဝင်များက မီးရိုက်ဒုတ်များဖြင့် မီးငြိမ်းသတ်ခဲ့ကြပြီး ညနေ ၅ နာရီ အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


သက်လွင်စိုး(ပြန်/ဆက်) 

 

1