မောင်တောမြို့၊ မြို့ဦးရပ်ကွက်၊ လသာကျေးရွာ၌ နေအိမ်(၁)လုံး မီးလောင်

မောင်တော ၂၅   မေ 

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့ဦးရပ်ကွက်၊ လသာကျေးရွာ၌  မေ  ၂၅ ရက် နံနက် ၄ နာရီခွဲ အချိန်က နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြိမ်းသတ်ယာဉ်ဖြင့် ဒု-မီးသတ်ဦးစီးမှူး ဆန်းလှိုင်ဦးစီး၍ တပ်ဖွဲ့ဝင် (၁၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် တပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးစတင်လောင်ကျွမ်း၍ ၅ နာရီ ၁၀ မိနစ် အချိန်ခန့်က မီးထိန်းခဲ့ကာ  ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

 

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့ဦးရပ်ကွက်၊ လသာကျေးရွာနေ အဒူနာဘီ၏ မြေစိုက်နေအိမ် မီးဖိုချောင်း၌ ထမင်းအိုးတည်ထားရာမှတစ်ဆင့် အနီးရှိ နေအိမ်ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သူ အဒူနာဘီ ပြင်ဖြူနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိပါသည်။  

 

သက်လွင်စိုး(ပြန်/ဆက်)