မောင်တော   ဒီဇင်ဘာ   ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာရေးအတွက် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက မြို့နယ် ပြည်သူ့ဆေးရုံ  အရှေ့ဘက် ဝင်ပေါက် မျက်နှာစာ ဘယ် ညာရှိ  မြက်ပင်၊ ပေါင်းပင်၊ ခြုံနွယ်များအား သန့်ရှင်းသာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူကာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

သက်လွင်စိုး(ပြန်/ဆက်)