မောင်တော ဩဂုတ် ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် အရေးပေါ် အောက်ဆီဂျင်လိုအပ်သည့် လူနာများအသုံးပြုနိုင်ရန်အတွက် မှာယူထားသည့် အောက်ဆီဂျင်အိုးအလွတ်များကို တင်ဆောင်လာသည့် မော်တော် ယာဉ်မှာ ဩဂုတ် ၂၇ ရက်က ဆေးရုံသို့ ရောက်ရှိလာသည်။
မောင်တောမြို့နယ်အတွင်းမှ လူနာများ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အဆိုပါ အောက်ဆီဂျင်အိုးများကို ဝယ်ယူထားခြင်း ဖြစ်ကာ အောက်ဆီဂျင်အိုးများမှာ လီတာ ၄၀ ဆံ့ အိုးအလွတ်များဖြစ်ပြီး အလုံးရေ ၁၅၀ ဖြစ်ကြောင်းနှင့် ဆက်စပ်ပစ္စည်းများလည်းပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


