မောင်တော   နိုဝင်ဘာ   ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ကို နိုဝင်ဘာ ၁၇ ရက် (၁၃၈၃ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း ၁၄ ရက်)မှစ၍ မြို့မပရိယတ္တိစာသင်တိုက်၊ လောကမာရဇိန် သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

မောင်တောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၌ ကိန်းဝပ်စံပယ်တော်မူသည့် BC-568 တတိယ ဓညဝတီခေတ် ဘုရင် စန္ဒာသူရိယ သွန်းလုပ်ပူဇော်တော်မူခဲ့သော  သမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော်ခြင်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်ခြင်း၊ ဝတ်ရွတ်အဖွဲ့များက ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူလူထုမျာ စည်းကားလျက်ရှိကြောင်း သိရသည်။

အောင်ကျော်စိန်၊သက်လွင်စိုး(ပြန်/ဆက်)