မောင်တော ၄ ဇန်နဝါရီ
မောင်တောမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။
ထို့နောက် နံနက်(၇)နာရီခွဲတွင် မြို့မအားကစားကွင်း၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာကို ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ခရစ်ကတ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်မြင့်ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ လည်းကောင်း၊ ဒုတိယ ဆုရရှိကြသော မစုစုလှိုင် နှင့် မဖြိုးဝေခိုင်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းနှင့် မြို့နယ် အား/ ကာမှူး ဒေါ်ဖြူဖြူဝေ တို့မှလည်းကောင်း ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ၊ ပိုစ့်စကတ်များကို မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများက တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြပြီး အခမ်းအနားသို့ စုစုပေါင်း အင်အား(၉၀၀)ခန့် တက်ရောက် ခဲ့ကြသည်။ နေ့လယ်ပိုင်းတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျေိာ်ပွဲရွှင်ပွဲများ အသီးသီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)