မောင်တော ဇူလိုင် ၁၉

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။


 
ဦးစွာ ဆရာတော် သံဃာတော်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး  ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များက ပရိတ်တရားတော် မျာ ရွတ်ပွား ချီးမြှင့်တော် မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်  ဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းပြီး  ဆရာတော်အရှင်သူမြတ်များအား  အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)