မောင်တော  စက်တင်ဘာ  ၃

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်ဆီဂျင်စက်ရုံကို ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီနေပြီကြောင်း မြို့နယ်အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။    

 

အဆိုပါ တည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံမှာ ပေ ၃၀x၃၀ ရှိ တစ်ထပ်အဆောက်အဦဖြစ်ကာ မြန်ဆန် ကောင်းမွန်စွာပြီးစီးနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

ယခုအခါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင် ဆလင်ဒါအိုးကြီး (၁၅၀)လုံး နှင့် အောက်ဆီဂျင်စက်ရုံအတွက် ဝယ်ယူထားသော မီးစက် (100)Kva နှင့် ဆက်စပ်ပစ္စည်းများမှာလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်ပါက (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုး (၈၀)မှ (၁၂၀)အိုးထိ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြို့နယ်အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)