မောင်တော ဩဂုတ် ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်စီဂျင်စက်ရုံကို ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်အောက်စီဂျင်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

အောက်စီဂျင်စက်ရုံကို မြေကွက် ၄၀ ပေ x ၅၀ ပေ တွင် ပေ ၃၀ x ၃၀ ပေ တစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်လျက်ရှိပြီး အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း မှာယူထားပြီးဖြစ်ရာ  စက်တန်ဖိုးမှာ ငွေကျပ် ၆၀,၈၇၅,၀၀၀ ဖြစ်ပြီး အောက်စီဂျင်ဆလင်ဒါအိုးကြီး အလုံး ၁၅၀ နှင့် ဆက်စပ်ပစ္စည်းများကို သယ်ဆောင်လာသည့် သင်္ဘောမှာ ဩဂုတ် ၁၃ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။  အောက်စီဂျင်စက်ရုံအတွက်  ကျပ်သိန်း ၁၄၀ တန်ဖိုးရှိ မီးစက် 100 KVA နှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူထားပြီးဖြစ်သကဲ့သို့ မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ Xnuo 10L အမျိုးအစား Oxygen Concentrator ငါးလုံးကိုလည်း လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအတွက် ဩဂုတ် ၁၁ ရက်အထိ လှူဒါန်းရရှိငွေမှာ ငွေကျပ် ၂၃၇၀,၂၂၅,၀၀ ဖြစ်ပြီး အောက်စီဂျင်စက်ရုံ လည်ပတ်ပါက ၄၀ လီတာဆံ့ အောက်စီဂျင်အိုး ၈၀ မှ  ၁၂၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မောင်တောမြို့နယ် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)