မောင်တော  ၁၀  ဩဂုတ်

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံး၌ ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား အဝင်ဝ၌ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေပေးသည်။

 

ထို့နောက် ကျန်းမာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေးနှင့် ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို လူစုလူဝေး မဖြစ်ပေါ်စေရန် အလှည့်ကျစနစ်ဖြင့် ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား  ဩဂုတ် ၁၀ ရက်မှစ၍ ဩဂုတ် ၁၆ နေ့အထိ  ထိုးနှံတိုက်ကျွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမားရေးဌာနမှ သိရသည်။

 

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)