မောင်တော၊ ၃၁ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အဝတ်နှာခေါင်းစည်းများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ထို့သို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူ ဦးအောင်ရဲ က ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၀)စုရှိ အခြေခံအိမ်ထောင်စုများအတွက် အဝတ်နှာခေါင်းစည်း တစ်သောင်းငါးထောင်အား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက အခြေခံအိမ်ထောင်စုများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


