မောင်တော ၃၀ အောက်တိုဘာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်း(မြို့မ) အခြေခံပညာအလယ်တန်းကျောင်း၊ စံပြကျောင်းတွင် ယနေ့ နေ့လည်ပိုင်းက  စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဉီးဆန်းလှိုင်က အခြေခံပညာ စာသင်ကျောင်းများ မီးဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ ဗဟုသုတများအား ကျောင်းသူ၊ ကျောင်းသားများမှတစ်ဆင့် ပြည်သူလူထုအတွင်း စိမ့်ဝင်ပြန့်ပွားစေရေးအတွက် စာသင်ကျောင်းအခြေပြု  မီးဘေးလုံခြုံရေး အသိပညာ ဟောပြောပို့ချခဲ့ကြပြီး ဒု-မီးသတ်ဦးစီးမှူး ဉီးဆန်းလှိုင်ဦးစီး၍ တပ်ဖွဲ့ဝင်များက ကျောင်းသူ၊ ကျောင်းသားများအား မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ပုံကို သရုပ်ပြသခဲ့ကြသည်။ အဆိုပါ အခြေခံပညာ အလယ်တန်း စံပြကျောင်းတွင် ဆရာ၊  ဆရာ မ(၂၆)ဦး၊ ကျောင်းသူ၊ ကျောင်းသား(၁၆၀၀)ဦးခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)