မောင်တော၊ ၃ ဖေဖော်ဝါရီ  

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး သိုလှောင်ရာနေရာအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ  ၃ ရက်  နံနက်ပိုင်းက လုပ်ဆောင်ခဲ့ကြသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး သိုလှောင်ရာနေရာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများ၊ မီးခုံများ စနစ်တကျ တပ်ဆင်မှုရှိ/မရှိ၊ အရေးပေါ် မီးသတ်ဆေးဘူးများအား စစ်ဆေးကာ လိုအပ်သည်များကို  အကြံပြုလမ်းညွှန် မှာကြား ကြသည်။

သက်လွင်စိုး(ပြန်/ဆက်)