မောင်တော နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းအုပ်စု၊ ဗိုလ်မှူးရွာရှိ နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင် များက ကညင်တန်းအုပ်စု ၊ ဗိုလ်မှူးရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် လျှပ်စစ်မီးဖိုများ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ စနစ်တကျ အသုံးပြုစေရေး၊ နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်စေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်စေရန် နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရေး ကွင်းဆင်းစစ်ဆေး အသိပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


