မောင်တောမြို့၌ နေရပ်စွန့်ခွာအမျိုးသမီးများအတွက် အချက်အပြုတ်သင်တန်းဆင်းပွဲ ကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မအရှေ့ရပ်ကွက်၌ နေရပ်စွန့်ခွာ ဟိန္ဒူ အမျိုးသမီးများ အချက်အပြုတ်သင်တန်းဆင်းပွဲကို ယနေ့ညနေ ၄ နာရီက ကျင်းပ သည်။
 
 
အဆိုပါ  နေရပ်စွန့်ခွာ အမျိုးသမီးများအတွက် အချက်အပြုတ်သင်တန်းကို စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက် နှစ်ရက်သင်တန်းပို့ချခဲ့ရာ သင်တန်းတွင် အကြော်မျိုးစုံကြော်နည်း၊ ဟင်းချက်နည်း၊ အသုတ်မျိုးစုံသုတ်နည်းတို့ကို ပို့ချခဲ့ပြီး  ဟိန္ဒူအမျိုးသမီး ၃၀ ဦး တက်ရောက်သင်ယူခဲ့သည်။ သင်တန်း၏ ရည်ရွယ် ချက်မှာ အသက်မွေးဝမ်းကျောင်းပညာတစ်ခု တတ်မြောက်ပြီး မိမိရပ်ရွာမှာပင် အမျိုးသမီးများအနေဖြင့် ဝင်ငွေရရှိစေရန်ရည်ရွယ်ပို့ချခြင်းဖြစ်သည်။
 
 
သင်တန်းဆင်းပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။ 
 
 
သတင်းနှင့် ဓာတ်ပုံ - ဟိန်းထက်ဇော်၊ အေးမင်းသူ