မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

မောင်တော ၁၆ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ စေတီပြင်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၅ ရက်နေ့၊ ည ၉ နာရီ မိနစ် ၄၀  အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖုန်းသတင်းပေးမှုအရ သိရှိခဲ့၍ မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြိမ်းသတ်ယာဉ်ဖြင့် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်စင် ဦးဆောင်၍ တပ်ဖွဲဝင်များ၊ မီးသတ်ဦးစီးမှူးရုံးမှ မီးငြိမ်းသတ်ယာဉ်ဖြင့်  မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင် များ နှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျှက်သွား ရောက်မီးငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၅ မိနစ်တွင်  မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ စေတီပြင်ကျေးရွာနေ ဘော်ရှော့ (ဘ) အဘူဘော်ကော် အသက်(၇၅)နှစ် နေအိမ် ဓနိမိုး (၁၀×၁၅×၇) ပေ ၊ ဝါးထရံကာ၊ မြေစိုက်နေအိမ်၏ မီးဖိုမှ မီးကြွင်း မီးကျန် မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းကာ ဘေးကပ်လျက်ရှိ နေအိမ်ဖြစ်သော အာရာဖတ် (ဘ) မာမတ်ခမ်း အသက်(၃၀)နှစ်၏ နေအိမ် သွပ်မိုး (၂၅×၃၀×၁၅) ပေ ၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ ပေါင်းနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။  
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 

သက်လွင်စိုး(ပြန်/ဆက်) 

 

1.10