နေပြည်တော် ၁၉ မေ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၁၆ ရက် ည ၉ နာရီခွဲ ခန့်တွင် (၃)မိုင် စစ်ဆေးဂိတ်၌ ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် မောင်တော-အငူမော် ကားလမ်းအတိုင်း အငူမော်ဘက်မှ ကျီးကန်းပြင်ဘက်သို့ မောင်လှအေး (ဘ)ဦးကျားတောင် မောင်းနှင်လာသည့် LIFAN အမျိုးအစား မော်တော်ယာဉ် အမှတ် 6C/---- ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်နောက်ခန်းပေါ်တွင် မိုးကာဖြင့်အုပ်ထားသည့် (မသင်္ကာဖွယ်ရာ ဆာလာအိတ် သုံးအိတ်အား စစ်ဆေးခဲ့ရာ အိတ်များအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၄၈၇၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၉၇၅၀ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
အဆိုပါ မော်တော်ယာဉ်၊ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်