မောင်တောမြို့နယ်၌ စက်သုံးဆီသယ်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး

မောင်တော ၁၉  မေ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး စံလွင်ဦးစီး၍ တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီက စက်သုံးဆီသယ်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း စက်သုံးဆီဆိုင်များ၌ စက်သုံးဆီ သယ်ဆောင်လာသော ဆီပေပါများ၊ ဆီဘောင်ဆာကားများ၊ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

သက်လွင်စိုး(ပြန်/ဆက်)