မောင်တောမြို့နယ်၌ လုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာလာသည့် မော်တော်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

မောင်တော  ၂၂  ဧပြီ 

     

မောင်တောမြို့နယ်၊ တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်တစ်စီး ယနေ့နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

 

ေေ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   မောင်တောမြို့နယ် တောင်ပြို ၊ ငါးခူရ ၊ ကြိမ်ချောင်း နယ်မြေရုံးတို့မှ တပ်ဖွဲ့ဝင်အချို့အား မော်တော်ယာဉ်ဖြင့် တောင်ပြို(ယာ)နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ ပို့ဆောင်စဉ် မောင်တောမြို့နယ်၊ နယ်မြေ(၄)၊ ဇီးပင်ချောင်း လမ်းဆုံနှင့် လိပ်ရလမ်းဆုံအရောက် နံနက်(၇)နာရီမိနစ်(၄၀)ခန့်တွင်  ARSA အဖွဲ့  နှစ်ဖွဲ့က လမ်း၏ ဝဲ/ယာ တောင်ကုန်းပေါ်မှ ဆွဲမိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိမိတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ကြောင်း။

 

ဖြစ်စဉ်တွင် ယာဉ်မောင်း ဒုတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံး ယမ်းငွေ့ ရိုက်သည့် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ဦးခေါင်းကြေမွပျက်စီးသွားခဲ့ကြောင်း၊  အဆိုပါနေရာအား တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)