မောင်တော မေ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များ ပျက်စီးနေမှုကို မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ခံထားရှိမှုများကို ဗိုလ်မှူးချုပ်တင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး၊ မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်ရေးအဖွဲ့ တာ၀န်ရှိသူများနှင့်အတူ မေ ၂၄ ရက် နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးသည်။
ဗိုလ်မှူးချုပ်တင်ဆွေနှင့်အဖွဲ့သည် မောင်တောမြို့နယ်၊ ကျောက်လှေကားကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ရွှေဇားကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများတွင် စာသင်ဆောင်များ အမိုးလန်ပျက်စီးနေမှု စာရင်းကောက်ယူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှ်ီး တွေ့ဆုံနူတ်ဆက်သည်။
ထို့နောက် လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိပြီး ယာယီလက်ခံရေးစခန်းအတွင်း အသစ်တပ်ဆင်ထားသော ABH အလုံးများ တချို့ပြိုလဲပျက်စီးခြင်း၊ အိမ်သာများ ပျက်စီးနေမှုများ ၊ သက္ကပြင်ကျေးရွာရှိ ပြန်လည်၀င်ရောက်လာသူများ နေထိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည့် နေအိမ်များ အမိုးလန်၊ ပြိုလဲပျက်စီးနေမှုများ ၊ မြို့မအရှေ့ရပ်ကွက်ရှိ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာနှင့် ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ်လိုင်းခန်းများ ပျက်စီးနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပန်းတောပြင်ကျေးရွာနှင့် ဒုညောင်ပင်ကြီးကျေးရွာရှိ လေဘေးကြောင့် လူနေအိမ်များ၊ အဆောက်အအုံများ ပျက်စီးခဲ့မှုကို လိုက်လံကြည့်ရှုပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့က စာရင်းကောက်ယူထားရှိမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)