မောင်တောမြို့နယ်၌ ပုစွန်ကန် တာပေါင်အတွင်း ဝှက်ထားသော စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းနီးပါး သိမ်းဆည်းရမိ

မောင်တောမြို့၌ ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က မူးယစ်တပ်ဖွဲ့စု(၄၆) မှ ရဲအုပ် အောင်ကျော်စိုးနှင့် ပူးပါင်းအဖွဲ့သည် ရွှေဇားကျေးရွာအုပ်စု ကန်ဘဲ့ရွာနေ ကာမာ (၅၃) နှစ် ပိုင်ဆိုင်သည့် ပုစွန်ကန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဝှက်သိမ်းထားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ပုဇွန်ကန် ဘောင်ရိုး ရေလွှဲမြောင်းအတွင်းတွင် မြေကျင်းတူး၍ ဝှက်ထားသော WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀၀၊ အလေးချိန်(၂၉.၂၅)ကီလို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ 

 

ခရိုင်(ပြန်/ဆက်)