မောင်တော ၈ ဇန်နဝါရီ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဇန်နဝါရီ ၆ ရက် ည ၉ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လှော်ခတ်လာသည့် မသင်္ကာဖွယ် လောင်းလှေတစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်း ခုနစ်ဦးတို့ကို လှေတစ်စင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို စစ်ဆေးရာ အီမန်ဟူဆောင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပြီး မိုဟာမတ်ကာရှိန်းနှင့် မိုဟာမတ်တူလာတို့ နှစ်ဦးသည် ယခင်မောင်တောမြို့ သရက်အုပ်ကျေးရွာတွင် နေထိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ကာ တက္ကနက်မြို့ မူဆိုနီဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိကြောင်း၊ ၎င်းတို့နှင့်အတူပါလာသည့် အမျိုးသမီးလေးဦးမှာ သရက်အုပ်ကျေးရွာတွင် နေထိုင်ကြပြီး ၎င်းတို့ကို သွားရောက်ခေါ်ယူပေးရန် တစ်ဦးလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၄၀ဝ၀ ရရှိသဖြင့် လာရောက်ခေါ်ယူပြီး ပြန်လည်ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးလေးဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူဆိုနီဒုက္ခသည်စခန်းနှင့် ကူတူပါလောင် ဒုက္ခသည် စခန်းတို့ရှိ ဆွေမျိုးများထံသွားရောက်ရန်အတွက် ခိုးထွက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )