မောင်တောမြို့နယ်၌ WY စိတ်ကြွဆေးပြား ၁၁၄၀၀၀၀ ဖမ်းဆီးရမိ

မောင်တောမြို့နယ်၊ မောင်တော-ဘူးသီးတောင်သွားကားလမ်း၊ (၆)မိုင်စစ်ဆေးရေးဂိတ်၌ YGN 2J/------ Nissan UD ယာဉ်ပေါ်၌ မားမားခေါက်ဆွဲဖာများဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ ညီမျိုးသန့်နှင့် အာဇီဇူလောင် တို့ ၂ ဦး၏အစစ်ခံထွက်ဆိုချက်များအရ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် ပူးပေါင်းအဖွဲ့မှ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်၊ စည်ပင်သာယာဈေးအပေါ်ထပ်ရှိ မာမတ်ဆီဒိန်(စိစစ်ဆဲ)ငှားရမ်းဖွင့်လှစ်ထားသည့် သော့ခတ်ပိတ်ထားသော ဆိုင်ခန်းအမှတ်(1A-7)အား ဝင်ရောက်ရှာဖွေရာ ဆာလာအိတ် ၃ အိတ်အတွင်း မားမားခေါက်ဆွဲဖာများဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၄၀၀၀၀ (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၂၂၈၀၀၀၀၀၀၀ ကျပ်)အား ထပ်မံဖော်ထုတ်ရမိခဲ့သဖြင့် မောင်တောမြို့မရဲစခန်း၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(ရဲပြန်ကြား)