နေပြည်တော် ၁၉ ဇန်နဝါရီ
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အောက်ပြူးမကျေးရွာ အနောက်ဘက်ရှိ ပြူးမချောင်းလှေဆိပ်အနီး၌ အောက်ပြူးမရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီခွဲက ကင်းပုန်းဝပ်ရန် သွားရောက်စဉ် မသင်္ကာဖွယ် ဆာလာအိတ် (၆)အိတ်အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ (၂၄)ဘူးပါ ဘီယာဖာ (၃၀)အတွင်းမှ Andaman Gold တံဆိပ်ပါ ဘီယာ သံဘူး (၇၂၀) အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ၍ ငါးခူရနယ်မြေ ရဲစခန်းသို့ အပ်နှံကာ အမှုဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN