နေပြည်တော် ၁၆ ဇွန်
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၄ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း(အလယ်ရွာ)နေ မောင်ဖြူ၏ နေအိမ်မှ ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က မောင်တောမြို့နယ်၊ ကြိမ်ချောင်း(အလယ်ရွာ)နေ မောင်ဖြူ၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အနောက်ဘက် နံရံဘေးမှ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄၅၀၀၊ နေအိမ်ခြံဝင်းအတွင်းမှ ISUZU BIGHORN အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိသဖြင့် မောင်ဖြူ(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား