မောင်တောမြို့နယ်တွင် ငွေကျပ်သိန်း ၃,၉၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

နေပြည်တော် ၁၁  ဖေဖော်ဝါရီ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ဒါးရှည် ကျေးရွာနေ အဘူတာရ်နှင့် မူစတာအာမက်တို့၏နေအိမ်နှင့်နေအိမ်၏တောင်ဘက်ရှိ ဗလီကျောင်းပျက်  တို့ကို ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၃ နာရီက ဝင်ရောက်ရှာဖွေရာ ဗလီကျောင်းပျက်အတွင်းရှိ ဆူးချုံထဲမှ ဆာလာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅,ဝ၀ဝ  (တန်ဖိုးငွေကျပ် သိန်း ၃၉၀ဝ တန်ဖိုးရှိ) ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်က မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ၉၉၉ ဂိတ်ဝင်း၊ သောင်ရင်းမြစ်ကမ်း နဖူးလမ်းပေါ် တွင်တွေ့ရှိသူ ထိုင်းနိုင်ငံသား များဖြစ်သည့် Mr. EDDYSER နှင့် Mr. WILAYUT တို့နှစ်ဦးအား စစ်ဆေး ရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေး ၂၈၃ ပြား ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ညနေ ၄ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ လွယ်ပုံကျေးရွာရှိ မအေးကျွဲ့၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ ၇၃၁ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၈၀ဝ ၊ ဘိန်းစိမ်း ၇ ဂရမ်နှင့် မြန်မာငွေ ကျပ်၂၀,ဝ၀ဝ  တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN