မောင်တော ၁ ဇန်နဝါရီ
မောင်တောမြို့တွင် နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၀၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မောင်တောမြို့၌ ဇန်နဝါရီ ၁ ရက် ၀၀ နာရီ မိနစ် ၂၀ တွင် သက်ဆိုင်ရာမှ တာဝန်ရှိသူများက မိုဟာမတ်ရီယာစ်(ခ)လေရူး(ခ)ဇော်ဇော် နေအိမ်အား ဝင်ရောက်ရှာဖွေရာတွင် ၎င်းအား အသင့်တွေ့ရှိပြီး နေအိမ်အောက်ထပ် စက်အဟောင်း ပစ္စည်းများထားရှိသည့် နေရာအနီး မြေကြီးမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၄ပြားပါ အိတ် ၅၀ စုစုပေါင်း ဆေးပြား ၉၇၀၀(အလေးချိန် ၉၇၀ ဂရမ်ခန့်) အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
မူးယစ်စိတ်ကြွဆေးပြားများနှင့် လက်ဝယ်တွေ့ရှိသူ မိုဟာမတ်ရီယာစ်(ခ)လေရူး(ခ) ဇော်ဇော်အား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)