နေပြည်တော် ဧပြီ ၁၃ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောမြို့၊ ဝေသာလီရပ်ကွက်၊ မောင်တော - အငူမော်သွား ကားလမ်းတွင် ဦးဘိုကျော်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃နာရီတွင် မောင်တောမြို့နယ်၊ ဇော်မတက် ကျေးရွာ အုပ်စု၊ ကိုင်းကြီးကျေးရွာနေ မေရိုင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းကိုမတွေ့ရှိဘဲ စိတ်ကြွရူးသွပ်ဆေး ၉၇၅ ပြား ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ ဧပြီ ၁၁ ရက် ည ၉နာရီခွဲတွင်  တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသူ ငြိမ်းချမ်းအောင် (ခ) ရှားရှားကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀  ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား