စစ်တွေ ၁၉ နိုဝင်ဘာ
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ အဝေးသင်တက္ကသိုလ်တက်ရောက်ရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအား ရောင်ခြည်အလင်းတန်း ရက္ခိတအဖွဲ့က ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စစ်တွေမြို့ ဒက္ခောင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရောင်ခြည်အလင်းတန်း ရက္ခိတအဖွဲ့ဦးဆောင် ဆရာတော် ဦးစန္တိတက ရောင်ခြည်အလင်းတန်းရက္ခိတအဖွဲ့ ပေါ်ပေါက်လာပုံနှင့် ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုတို့ကို မိန့်ကြားသည်။ ယင်းနောက် စစ်တွေ တက္ကသိုလ်မော်ကွန်းထိန်း ဦးရွှေခိုင်ကျော်နှင့် စစ်တွေတက္ကသိုလ် ကွန်ပျူတာဌာနမှ ဦလှဖြူတို့က အဝေးသင်တက္ကသိုလ်ပညာရေးစနစ် တိုးတက်ပြောင်းလဲလာခြင်းနှင့် အဝေးသင် ကျောင်းသားတစ်ဦး၏ ဆောင်ရွက်ရမည့်ကဏ္ဍများအား ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ရောင်ခြည်အလင်းတန်း ရက္ခိတအဖွဲ့ ဦးဆောင်ဆရာတော်နှင့် တာဝန်ရှိသူများက ပညာသင် ထောက်ပံ့ငွေများကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကြပြီး ရောင်ခြည်အလင်းတန်း ရက္ခိတအဖွဲ့ အဖွဲ့ဝင် ဦးနောင်ခိုင်အောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားသည်။
ယနေ့ ရောင်ခြည်အလင်းတန်း ရက္ခိတအဖွဲ့မှ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ အဝေးသင်တက်ရောက်ရန် အခက်အခဲရှိသော ကျောင်းသား၊ကျောင်းသူ ၂၅ ဦးအား တစ်ဦးလျှင် ၅၀ဝဝဝ ကျပ်ဖြင့် ၁၂၅၀ဝဝဝ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)