၂၆ ဒီဇင်ဘာ

မော်ရိုကို နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကွယ်ဆေး ၆၅ သန်း မှာယူထားကြောင်းနဲ့ လူဦးရေ ၂၅ သန်းအတွက် ရည်ရွယ်ထားတဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်စတင်ရန် ပြင်ဆင်တဲ့အနေနဲ့ ဆေးမှာယူပြီးကြောင်း ကျန်းမာရေးဝန်ကြီး က ပြောပါတယ်။

တရုတ်ဆေးကုမ္ပဏီ Sinopharm  နဲ့ အောက်စဖိုဒ့်-အက်စ်ထရာ ဇနက်ကာ (Oxford-AstraZeneca) ထုတ်ကာကွယ်ဆေးတွေကို မှာယူထားတာဖြစ်ပြီး ကာကွယ်ဆေး နှစ်မျိုးလုံးဟာ ဆေးနှစ်ကြိမ်ထိုးရန် လိုအပ်တာကို တွေ့ရပါတယ်။

ကာကွယ်ဆေး ရောက်ရှိမယ့် နေ့ရက်နဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် စတင်မယ့် နေ့ရက်တွေကိုတော့ ထုတ်ပြန်ပြောကြား ခြင်းမရှိပါဘူး။

ကာကွယ်ဆေးကို ကျန်းမာရေး၊ လုံခြုံရေးနဲ့ ပညာရေးဌာနတွေက ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ထိုးနှံပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ပြောကြားပါတယ်။ 

ဘုရင် မိုဟာမက် VI က ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေး သွားမယ်လို့ ကြေညာပါတယ်။

လူဦးရေ ၃၅ သန်းနေထိုင်တဲ့ မော်ရိုကို နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၄၂၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ,၁၃၀ ဦး ရှိကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးရန် တစ်နိုင်ငံလုံးအား ညမထွက် အမိန့်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ထုတ်ပြန်ထားပြီး စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဈေးဆိုင် နဲ့ စတိုးဆိုင်တွေအနေနဲ့ နာရီမှာ ပိတ်ရမှာဖြစ်ပါတယ်။ လူစုဝေးခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

မော်ရိုကိုနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အမိန့် ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ အထိ သတ်မှတ်ထားပါတယ်။

MDN

ကိုးကား - AFP

 

133463430_1358788294484247_4998100425601149832_n