မန္တလေး ၃၀ မေ

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်မည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ကိုအောင်ကျော်ဝင်း နှင့် ကိုစိုင်းဇွန်ဖတို့သည် မေလ ၃၀ ရက်က မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။

အဆိုပါ နှစ်ဦးသည် မကွေးမြို့မှ မေ(၂၉)ရက် နံနံနက်ပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

"ဆိုင်ကယ်ဝါသနာရှင်တွေပါ၊ စီးရတဲ့ အတွေ့အကြုံတွေကို ပြန်ရှယ်ချင်တာပါ'' ဟု ကိုအောင်ကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံမှ ဥရောပသို့ ဆိုင်ကယ်ဖြင့်သွားမည့် မြန်မာနိုင်ငံသားနှစ်ဦးသည် အဆိုပါ ခရီးစဉ်ကို မေလ(၂၆)ရက်တွင် ရန်ကုန်မြို့မှ စတင်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ပြည်၊ မကွေး၊ မန္တလေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မှ တစ်ဆင့် ထိုင်းဘက်ကိုသွားမည်ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးသွားမည့် ခရီးစဉ်တွင် အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း(၃၀)ကို ဖြတ်သန်းရန် မိုင်ပေါင်း (၃၀ဝ၀ဝ) ကျော် မောင်းနှင်ခရီးသွားမည့် ခရီးစဉ်ဖြစ်သည်။

BMW ဆိုင်ကယ်များနှင့် သွားရောက်မည်ဖြစ်ကြောင်း ခန့်မှန်းခြေအရ ခရီးသွားကြာမြင့်ချိန် (၅)လ ကြာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းတို့ခရီးစဉ်မှာ နိုင်ငံပေါင်း(၃၀)တွင်ရှိသော လှပသည့် နေရာများကို သွားရောက်ကြမည် ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ သွားမယ့် ခရီးစဉ်တစ်လျောက်တွင် ဆိုရှယ်မီဒီယာကတစ်ဆင့် အတွေ့အကြုံများကို ဝေမျှသွားမည်ဖြစ်ပြီး ယခုခရီးစဉ်များကို Documentary ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်