mdn

တနင်္သာရီ   အောက်တိုဘာ  ၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့ပြနှင့် ကျေးလက်ပါမကျန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးမည့် အစီအမံများနှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ပေးရမည့် အခြေခံအချက်များပါရှိသော ပန်းခင်းစီမံချက်ဆိုင်ရာ လက်ကမ်းစာစောင် ၃၀၀ ကို အောက်တိုဘာ ၄ ရက်က မောတောင်မြို့ အမှတ်(၉) ကျေးရွာအုပ်စု၊ အမှတ်(၃)ကျေးရွာ ပြည်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီအစည်းအဝေးခန်းမဆောင်၌ ကုမ္ပဏီဝန်ထမ်းများ၊ လုပ်သားများနှင့် ဒေသခံများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)