mdn

 

တနင်္သာရီ   စက်တင်ဘာ    ၉

 

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်း သာမန်လူကောင်းများ ကဲ့သို့ ကိုဗစ်-၁၉ရောဂါလက္ခဏာမပြဘဲ သွားလာလှုပ်ရှားနေကြသည့် ရောဂါပိုးရှိနေသူများအား စစ်ဆေး ရှာဖွေဖော်ထုတ်၍ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အတွက် မောတောင်မြို့(၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံ တာဝန်ခံဒေါက်တာသီဟအောင်မှ ကြီးကြပ်လျက် စက်တင်ဘာလ ၉ရက်နေ့ နံနက် ၈နာရီအချိန်က နေ့စဉ်လူထုနှင့်ထိတွေ့မှုများသည့် မောတောင် မြို့-မြို့မဈေးအတွင်း ဈေးရောင်းချနေ သူ(၂၀) အား ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိသိရှိနိုင်ရန် ၎င်းဈေးအတွင်း RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေးရာ တစ်ဦးမျှမှရော ဂါပိုး မတွေ့ရှိဘဲ(Negative)ဖြစ်ကြောင်း သိရှိရသည်။

 

ယင်းသို့ မြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးပေးရာတွင် မြို့မဈေးကော်မတီအဖွဲ့၊ မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးဆွေမြင့်နှင့် မောတောင်မြို့မ ပရ ဟိတလူငယ်များအဖွဲ့နှင့်အတူ မြို့မဈေးအတွင်းမှဈေးသည်(၆၀) အား တစ်ရက်လျှင်(၂၀) စီ ဖြင့် (၃)ရက်ခွဲ၍ စစ်ဆေးပေးခဲ့ကြောင်း ယမန်နေ့ကဈေးသည်တစ်ဦးတွင် ရောဂါပိုးအတည်ပြု တွေ့ရှိရကြောင်း၊  အလားတူ ရပ်ကွက်/ကျေးရွာများမှ ကုန်စုံဆိုင်များ ရောင်းချသူများကိုလည်း ဆက်လက်စစ်ဆေးပေးရန် အစီအစဉ်ထားကြောင်း  တာဝန်ခံဆရာဝန် ဒေါက်တာသီဟအောင် ထံက သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း