တနင်္သာရီ ၂၅ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန ခရိုင်ဉီးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဉီးခင်မောင်လွင် ဉီးဆောင်သော ဝန်ထမ်း(၁၅)ဉီးနှင့် မြိတ်ခရိုင်-မြန်မာ့ အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံဒေါ်ခင်သီတာဉီးနှင့် ဝန်ထမ်းနှစ်ဉီးတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ကစပြီး တနင်္သာရီမြို့နယ် တနင်္သာရီခန်းမအတွင်း၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား လိုင်စင်အသစ်ပြုလုပ်ပေး၍ သက်တမ်းကျော်လွန်သော ယာဉ်များအား လိုင်စင်သက်တမ်းတိုးပေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများကိုလည်း ယာဉ်မောင်း လိုင်စင်အသစ်နှင့် နှစ်လဲသက်တမ်းတိုးပေးခြင်းများအား နယ်လှည့်ရွေ့လျားစံနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

“မြိတ်မြို့နယ်နှင့်အလှမ်းဝေးကွာတဲ့အတွက် မော်တော်ယာဉ်သက်တမ်းတိုးတာတွေ ယာဉ်မောင်း လိုင်စင်လုပ်ငန်းဆောင်ရွက်တာတွေ အကုန်လုံးကို သက်တောင့်သက်သာနဲ့ အဆင်ပြေစေဖို့အတွက် နယ်လှည့်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်နှစ်လဲ သက်တမ်းတိုးပေးခြင်း လုပ်ငန်းလေးတွေ၊ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားပြီးတော့ သက်တမ်းလာတိုးရမဲ့သူတွေကို ယာဉ်မောင်လိုင်စင်တွေ သက်တမ်းလာတိုးပေးတယ်၊ မော်တော် ဆိုင်ကယ်စီးလိုင်စင်မရှိတဲ့သူတွေကိုလဲ အသစ်လာရောက် ဆောင်ရွက်ပေးရခြင်းဖြစ်တယ်။ ကျွန်တော်တို့ လုပ်ငန်းသုံးရပ်ကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြို့နယ်တွေအကုန်လုံးကို တစ်နှစ်ကို နှစ်ကြိမ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၅နဲ့ ၂၆ စနေ/တနဂငေ်္နွရုံးအားရက်လေးမှာ နှစ်ရက် လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း” မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးခင်မောင်လွင် ပြောပြချက်အရ သိရှိရသည်။
ထို့အတူ တနင်္သာရီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကလည်း မော်တော်ဆိုင်ကယ်စီး ဘီးခွန်ကတ်ကို (နှစ်)နှစ်စာအတွက် ၆၀ဝ၀ ကျပ်နှုန်းဖြင့် ထုတ်ပေးကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)