ရေး ၂၇ အောက်တိုဘာ
မွန်ပြည်နယ် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူး ဒေါ်သိင်္ဂီတိုးသည် ရေးမြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း ပြေးဆွဲနေသော အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာများရှိ မှတ်ပုံ တင်ထားသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ယာဉ်မောင်းလိုင်စင် များကို လိုင်စင်သက်တမ်းတိုးခြင်း၊ လိုင်စင်ပြုလုပ်ခြင်း၊ ယာဉ်မောင်းလိုင်စင်များ သက်တမ်း တိုးခြင်း၊ "က"အဆင့် ယာဉ်မောင်းလိုင်စင်အသစ်ပြုလုပ်ပေးခြင်းတို့ကို ပြည်နယ်ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်အာမခံ လုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၃)ရက်ကြာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ယခင်နှစ် များတွင် (၁)နှစ်လျှင် (၂)ကြိမ်သာ လာရောက်ဆောင်ရွက်ပေးလျက်ရှိရာ လာမည့်နှစ်မှ စပြီး (၁)နှစ်လျှင် (၃)ကြိမ် လာရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဖြိုး(ရေး၊ ပြန်/ဆက်)


