သုံးခွ  ၆  ဩဂုတ်

သုံးခွမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခင်မောင်ဆန်းနှင့် အဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့စု (၆၁) မှ ရဲအုပ်ဝင်းအောင်နှင့် အဖွဲ့သည် ဩဂုတ် ၅ ရက် မွန်းတည့် ၁၂ နာရီက သုံးခွမြို့အမှတ် (၄) ရပ်ကွက် အနော်ရထာလမ်းနှင့် ရှင်စောပုလမ်းဆုံ (ရှစ်မျက်နှာဘုရားရှေ့) အမှတ်(၁၂) ရပ်ကွက် အောင်ဇေယျလမ်း နှင့် ရှင်စောပုလမ်းဆုံ(မြန်မာ့စီးပွားရေးဘဏ်ရှေ့)တို့တွင် ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ‌ရေး အသိပညာပေးပြောကြားခဲ့ပြီး ယာဉ်အန္တရာယ် ကင်းစင်ရေးနှင့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေအသစ် အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)