ဆင်ပေါင်ဝဲ     ၇     ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ဆင်ပေါင်ဝဲမြို့၌ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းမှ စတင်၍ မော်တော်ယာဉ်လိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံစေရေးနှင့် ခရီးသွားလာရာတွင် အဆင်ပြေလွယ်ကူစွာ အသုံးပြု သွားလာနိုင်စေရေးတို့အတွက်  မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအား လိုင်စင်သက်တမ်းတိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ခန့်ဝင်း (ပြန် / ဆက်)