နေပြည်တော် ၁၅ မတ်

 

မတ် ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်းလုပ်ကွက် မြေအောက်အနက် ပေ ၇၀၀ ခန့်တွင် တွင်းလုပ်သား ၁၅ ဦးခန့် အောက်ဆီဂျင်ပြတ်တောက်၍ ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ Mogok Rescue နှင့် ဒေသခံကျွမ်းကျင် တွင်းလုပ်သားတို့ဖြင့် ပူးပေါင်း၍ ပိတ်မိနေသော တွင်းလုပ်သား ၁၅ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

MDN

Source: #Myanmar Fire Services Department