၃ စက်တင်ဘာ
ကိုရီးယား ကျွန်းဆွယ်ကို ဖြတ်ကျော် တိုက်ခတ်တဲ့ မေဆက်တိုင်ဖွန်း မုန်တိုင်းကြောင့် တောင်ကိုရီးယား နိုင်ငံမှာ အနည်းဆုံး ၁ ဦး သေဆုံးပြီး လူပေါင်း ၂,၀၀၀ ကျော် ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ ရွှေ့ပြောင်း နေထိုင်ရကြောင်း တာဝန်ရှိသူတွေက ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
တိုင်ဖွန်းအမည် မေဆက် ဆိုတာ ကမ္ဘောဒီးယားလို သစ်ပင်လို့ အဓိပ္ပါယ်နဲ့ မှည့်ခေါ်တယ်လို့ သိရပါတယ်။ မေဆက် တိုက်ဖွန်းဟာ နိုင်ငံ့တောင်ပိုင်းရှိ ဘူဆန်ကို ဦးတည်ပြီး ဒီနေ့ အစောပိုင်းက တိုက်ခိုက်ခဲ့ရာ ယာဉ်လမ်းကြောပြ မီးပွိုင့်တွေနဲ့ သစ်ပင်တွေ ကျိုးပျက်နေသလို လမ်းမတွေပေါ်မှာ ရေလျှံနေတာကိုလည်း တွေ့ရပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၂,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ရွှေ့ပြောင်း ပေးထားရပြီး အိမ် ၁၂၀,၀၀၀ နီးပါးမှာ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရပါတယ်။ မေဆက် တိုင်ဖွန်း ဟာ တစ်နာရီကို ၈၇ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။
မေဆက် တိုင်ဖွန်းကြောင့် မြောက်ကိုရီးယား နိုင်ငံထဲမှာလည်း မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံတွင်းမှာ တိုက်ဖွန်းနဲ့ ပတ်သတ်ပြီး ကြိုတင်သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားပြီး တိုက်ခတ်နေစဉ်မှာလည်း လက်ရှိ အခြေအနေကို နိုင်ငံပိုင် သတင်းဌာနကနေ တိုက်ရိုက် ကြေညာနေခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP