လက်တွေ့စမ်းသပ်မှုများပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကုသမည့် တုပ်ကွေးရောဂါကာကွယ်ဆေးတစ်မျိုးဖြစ်သည့် အေဗီဂန် အတည်ပြုမှုကို ရွှေ့ဆိုင်းမည်ဟု ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်သည်။
ဆေးဝါး၏ထိရောက်မှုကို သိပ္ပံနည်းကျ အကဲဖြတ်ရန် စောလွန်းနေသည်ဟု လက်တွေ့ စမ်းသပ်မှုများကို ပြုလုပ်နေသည့် တတိယအဖွဲ့အစည်း၏ လေ့လာမှုများကို ယုံကြည်ကြောင်း ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဘိုက ယနေ့ ပြောကြားသည်။
ဇွန်လအတွင်း လက်တွေ့စမ်းသပ်မှုများနှင့် လေ့လာမှုများ ဆက်လက်ပြုလုပ်ရအုံးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်အစိုးရက မေလအတွင်း အဆိုပါဆေးဝါးကို အတည်ပြုရန် မျှော်လင့်ခဲ့သည်ဟု ဆိုသည်။
ဘေးကင်းလုံခြုံမှုနှင့်ထိရောက်မှုကိုအတည်ပြုပြီးပါက ဂျပန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်သည့် အဆိုပါ ဆေးဝါးကိုမြန်မြန်ဆန်ဆန်ခွင့်ပြုလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်မှာ မပြောင်းလဲပဲ အေဗီဂန်ဆေးဝါးအား လူ ၃၀ဝ၀ကျော်ဖြင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာအသစ်များကို ဖြစ်ပေါ်စေမည့် ဆိုးကျိုးများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်