မြစ်သား ၁၄ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မွေးမိခင်သေဆုံးမှုလျှော့ချရေး TBA များနှင့် အသိပညာမျှဝေခြင်းသင်တန်းအား ယနေ့နံနက် ၉ နာရီက မြစ်သားပြည်သူ့ဆေးရုံ(ဟောင်း) သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

5

 

သင်တန်းတွင် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာစိန်ပိုက မြစ်သားမြို့နယ်သည် မိခင်သေဆုံးမှုအများဆုံးမြို့တွင်ပါဝင်နေခြင်းကြောင့် မွေးမိခင်သေဆုံးမှု လျော့နည်း ကျ ဆင်းရေး၊ (၅)နှစ်အောက် ကလေးသေဆုံးမှုကျဆင်းရေး စသည့်ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

 

သင်တန်းအား (၂)ရက် ပို့ချပေးသွားမည်ဖြစ်ပြီး သားဆက်ခြားနည်းလမ်းအသုံးပြုပုံ၊ မွေးမိခင်များအား စောလျင်စွာ လွှဲပြောင်းပေးပို့နိုင်ရေး၊ အစာအုပ်စုများအကြောင်း၊ မွေးဖွားစဉ် သတိပြုရမည့် အန္တရာယ် လက္ခဏာများ၊ မိခင်သေဆုံးလျှင် သတင်းပေးပို့မှု ပုံစံအဆင့်ဆင့်၊ ရှေးရိုးစွဲပြီး အစာရှောင်သည့်အတွက် မိခင်နှင့်ကလေးတွင် အာဟာရလုံလောက်စွာ မရရှိသည့်အတွက် ပေါင်မပြည့်သည့်ကလေးများ မွေးဖွားရခြင်းနှင့် မွေးဖွားပြီးချိန်တွင် ပြန်လည်ပြုစုပျိုးထောင်ရသည့် နောက်ဆက် တွဲဆိုးကျိုးများ အကြောင်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် သင့်တင့်မျှတသည့် အစားအစာများကို လုံလောက်စွာ စားသုံးသင့်သည့် အကြောင်းစသည်များကို အသိပညာပေးမျှဝေပို့ချပေးသွားမည် ဖြစ်ပါသည်။

 

အဆိုပါ သင်တန်းအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မန္တလေးတိုင်း မျိုးဆက်ပွား ကျန်းမာရေးမှ ဒေါက်တာဇော်ထက်ဖေ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိန်ပို၊ မြို့နယ်သူနာပြုဆရာကြီး ဦးတင်မောင်ဝင်း၊ မြို့နယ်မိခင်နှင့် ကလေးဆရာဝန် ဒေါက်တာနေခြည်နှင့် ကျန်းမာရေးမှူး ဒေါ်ထွန်းမေတို့က သားဖွားဆရာမများ၊ အမျိုးသမီးဆရာမများနှင့် ရပ်ကွက်/ ကျေးရွာများမှ စိတ်ပါဝင်စားသူ အမျိုးသမီးများ စုစုပေါင်း သင်တန်းသား(၁၂၀)အား အသိပညာပေး သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြစ်သားပြန်/ဆက်