နေပြည်တော် ဧပြီ ၃
စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧပြီ ၂ ရက်တွင် ရှမ်းပြည်နယ်‌တောင်ပိုင်း ပေါင်းလောင်းမြို့ လိမ်းလီရွာအနီးရှိ ပေါင်းလောင်းဆည် အတွင်း  ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ထို့နောက် ဒေသ‌နေပြည်သူများ၏ ငွေရောင်ငါးကြင်းနှင့် ထိုင်းငါးခုန်းမများအား ဖမ်းယူရောင်းချနေမှုကို ကြည့်ရှုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရေး၊ ငါးသယံဇာတများ ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်ရှိ ပုဂ္ဂလိကမွေးမြူရေးခြံများဖြစ်သော ကံကြီးမွေးမြူရေးဇုံသို့လည်းကောင်း၊ မွေးမြူရေးတောင်သူ ဦးသန်းဌေး၏ ဆိတ်မွေးမြူရေးခြံသို့ လည်းကောင်း၊ ( IR ) ဥစားကြက် မွေးမြူရေးခြံသို့လည်းကောင်း ရောက်ရှိပြီး မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အခြေခံကျသည့်  လယ်ယာသားငါးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြင့် ကုန်ချောများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေပြီး စျေးကွက် အလားအလားရှိသော မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို မျှော်မှန်းဆောင်ရွက်ရေး၊ ဖြစ်ပေါ်တတ်သော တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဆွေးနွေး  မှာကြားခဲ့သည်။ 

သတင်းစဉ်