ပခုက္ကူ ၆ ဩဂုတ်

 

ပခုက္ကူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက COVID-19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်သက်သာရေး စီမံချက်အရ သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း သိရသည်။

 

COVID-19 ကြောင့် ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝများ ထိခိုက်လျက်ရှိရာ  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူလူထုအား COVID-19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်သက်သာရေး စီမံချက်အရ သင်တန်းများ ဖွင့်လှစ်ပေးပြီး သင်တန်းတက်ရောက်သူများအား တစ်ဦးအတွက် တစ်ရက် ကျပ် ၆၀၀၀ ထောက်ပံ့ပေးအပ်၍ သင်တန်းကိုနေရာ ၁၈ နေရာ၊ သင်တန်းပေါင်း ၃၀ အား ခေါင်းစဉ် ၆ ခုဖြင့် ပို့ချပေးခဲ့ကြောင်း၊ ပို့ချသောသင်တန်းများမှာ (၁) တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ (၂) မေထုံမဲ့သားစပ်နည်းသင်တန်း၊ (၃) ကျွဲ/နွား မွေးမြူထုတ်လုပ်နည်းသင်တန်း၊ (၄) သိုး/ဆိတ် မွေးမြူထုတ်လုပ်နည်းသင်တန်း၊ (၅) ဝက်မွေးမြူ ထုတ်လုပ်နည်းသင်တန်း၊ (၆) ကြက်မွေးမြူထုတ်လုပ်နည်း သင်တန်းများဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်တွင် နွားအကောင်ရေ ၄၃၅၉၉ ကောင်၊ နို့စားနွားအကောင်ရေ ၇၃၂ ကောင်၊ ကျွဲအကောင်ရေ ၂၈၆ ကောင်၊ မြင်းအကောင်ရေ ၂၆၃ ကောင်၊ ဆိတ်အကောင်ရေ ၄၇၅၇၉ ကောင်၊ သိုးကောင်ရေ ၁၃၅၃၀ ကောင်၊ ဝက်အကောင်ရေ ၁၀၆၇၈ ကောင် မွေးမြူထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပခုက္ကူမြို့နယ်ရုံးက သိရှိရသည်။

 

ကိုတမာ(ပြန်/ဆက်)